Articles

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗန်ကောက်မြို့အခြေစိုက် အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ နာစီရာဒ

(၇-၁-၂၀၂၅ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗန်ကောက်မြို့အခြေစိုက် အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ နာစီရာဒင် ဟေဒါရီ အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ နံနက် (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Nassereddin HEIDARI, Ambassador Extraordinary and Plenipotentiary of the Islamic Republic of Iran to the Republic of the Union of Myanmar

(7-1-2025,Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Nassereddin HEIDARI, Ambassador Extraordinary and Plenipotentiary of the Islamic Republic of Iran to the Republic of the Union of Myanmar with residence in Bangkok at 1100 hrs on 7 January 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially exchanged views on matters pertaining to strengthening of the existing bilateral relations between Myanmar and Iran, mutually beneficial cooperation including trade and investment sectors, and enhancement of collaboration in the regional and international arenas.

20250130-23

20250130-23

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.