Articles

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား လက်ခံတွေ့ဆုံ

(၅-၁၂-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဘုံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက် တည်ရှိပြီး နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီး ပွင်းလင်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

************************************

Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar

(5-12-2024, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at 1000 hrs on 5 December 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they engaged in a cordial and constructive exchange of views on strengthening the traditional bonds of friendship between the two countries through the existing bilateral mechanisms across various sectors of common interest, advancing cooperation on regional and international matters of mutual interest.

20241209-09

20241209-09

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.