Articles

တတိယအကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကာဂျစ် ဒုတိယဝန်ကြီးချုပ်၊ နီပေါ နိုင်ငံခြားရေးဝန်ကြီး တို့နှင့် ဒိုဟာမြို့၌ သီးခြားစီ တွေ့ဆုံ

(၃-၁၀-၂၀၂၄ ရက်၊ ဒိုဟာ)

တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ဒေသစံတော်ချိန် ၁၃၀၀ နာရီတွင် ကာဂျစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာအီဒေးဘိုင်ဆလော့ဗ်နှင့်လည်းကောင်း၊ ၁၃၃၀ နာရီတွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာဒူဘာနှင့်လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန် ဟိုတယ်၌ သီးခြားစီ တွေ့ဆုံခဲ့သည်။
ကာဂျစ် ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ ကုလသမဂ္ဂနှင့်အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နီပေါ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ ဖော်ထုတ်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအား တိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေး အပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
ကာဂျစ်နှင့် နီပေါ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကာတာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တတိယအကြိမ် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒိုဟာမြို့သို့အသွား ဗန်ကောက်မြို့၌ ခရီးတစ်ထောက်ရပ်နားစဉ် ၁-၁၀-၂၀၂၄ ရက် ဒေသစံတော်ချိန် ၁၄၀၀ နာရီတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့် ဗန်ကောက်မြို့ရှိ အင်တာကွန်တီနန်တယ်လ်ဟိုတယ်၌ တွေ့ဆုံခဲ့ သည်။ ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ ပါဝင်တက်ရောက်ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ထိပ်သီးအစည်းအဝေးကာလ အတွင်း အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်နှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ (B2B Meetings) သို့ တက်ရောက်ကာ၊ စီးပွားရေးဖိုရမ်၌ မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် ၎င်း၏မိန့်ခွန်း၌ အေအိုင်/ဉာဏ်ရည်တုနည်းပညာ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် သက်ဆိုင်သည့် စီးပွားရေးပုံစံသစ်များနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးသည် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့သည့် အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ကာ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

**********************************

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe holds separate talks with the Deputy Prime Minister of Kyrgyz Republic and Foreign Minister of Nepal on the sidelines of 3rd Asia Cooperation Dialogue (ACD) Summit in Doha

(3-10-2024, Doha)

The Deputy Prime Minister and Union Minister for Foreign Affairs U Than Swe who is now in Doha to attend the 3rd Asia Cooperation Dialogue (ACD) Summit separately met Mr. Edil Baisalov, Deputy Prime Minister of Kyrgyz Republic at 1300 hrs and Dr. Arzu Rana Deuba, Minister of Foreign Affairs of Nepal at 1330 hrs Qatar Standard Time on 3 October 2024 at the Ritz Carlton Hotel in Doha.
During the meeting with Deputy Prime Minister of Kyrgyz Republic, the Deputy Prime Minister and Union Minister for Foreign Affairs appraised the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar. Furthermore, they cordially exchanged views and discussed on matters pertaining to the further strengthening of friendly relations between Myanmar and Kyrgyz as well as closer collaboration in the regional and international fora including cooperation in the ACD and UN.
At the meeting with Nepali counterpart, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe congratulated his counterpart on assuming new charge as Minister of Foreign Affairs of Nepal. Moreover, both sides cordially exchanged views on strengthening of the existing friendly relations between Myanmar and Nepal, promoting mutually beneficial cooperation in the areas of culture, tourism, trade and investment, exploring student exchange programmes and collaborating more closely in ACD and BIMSTEC. Furthermore, he updated Myanmar’s efforts in combatting drug trafficking and online scamming to his counterpart.
The Myanmar Ambassador to the State of Qatar U Tin Yu and senior officials from the Ministry of Foreign Affairs were also present at the meetings with the Heads of Delegation from Kyrgyz Republic and Nepal.
While transiting in Bangkok, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who is proceeding to Doha to attend the 3rd Asia Cooperation Dialogue (ACD) Summit, met Mr. Maris Sangiampongsa, Minister of Foreign Affairs of Thailand at 1400 hrs Thai Standard Time on 1 October 2024 at the Intercontinental Hotel in Bangkok. The Myanmar Ambassador to Thailand U Chit Swe was also present at the meeting.
At the meeting with Thai Minister of Foreign Affairs, both sides cordially exchanged views on strengthening of the existing friendly relations between Myanmar and Thailand, promoting mutually beneficial cooperation and cooperating more closely in ACD, ASEAN and BIMSTEC. The Deputy Prime Minister and Union Minister for Foreign Affairs also welcomed Thailand for its important new role as upcoming ACD Chair for the year 2025.
The member of Myanmar delegation, Deputy Minister for Commerce U Minn Minn attended the Business Forum and B2B Meetings which were held on 2 October 2024 on the sidelines of the Summit. The Deputy Minister delivered a Statement at the Business Forum and in his statement; he touched on the Artificial Intelligence (AI) and new business models related to digital transformation.
Likewise, U Kyaw Soe Moe, Director General from the Ministry of Sports and Youth Affairs also participated in the Sports related side event which was held on 2 October 2024 on the sidelines of the Summit.

20241107-07

20241107-07

20241107-07

20241107-07

20241107-07

20241107-07

20241107-07

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.