(၂၀-၆-၂၀၂၄ ရက်၊ အော်တာဝါ)
အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်း က အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) သံရုံးအကြီးအကဲ များ၏ (၂၈၅) ကြိမ်မြောက်အစည်းအဝေး၊ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် အလုပ်သဘောနေ့လယ်စာစားပွဲတို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ၁၁၀၀ နာရီတွင် Royal Ottawa Golf Club ရှိ Founders ခန်းမ၌ လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကော်မတီ လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အစီအစဉ်များကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ၏အကျိုးစီးပွားနှင့် အာဆီယံ၏ ဝိသေသလက္ခဏာတို့ကို လက်ခံသည့်နိုင်ငံ၌ ဆက်လက်တိုးမြှင့်ရေးကိစ္စရပ်များနှင့် အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာသံအမတ်ကြီးက ၎င်း၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အာဆီယံသံရုံးအကြီးအကဲများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီပံ့ပိုးမှု များအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီးနောက် အာဆီယံကော်မတီ(အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Ms. Maria Andrelita S. Austria ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အစည်းအဝေးအပြီးတွင် ကျင်းပသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ကနေဒါနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Oleg Stepanov ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ရာ အလုပ်သဘောနေ့လယ်စာစားပွဲတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် ရုရှားသံအမတ်ကြီးတို့က အာဆီယံ-ရုရှားမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမို တိုးတက်ခိုင်မြဲစေရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် ဆွေနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။
*************************
Myanmar Ambassador to Canada hosts ASEAN Committee Meeting and Handover Ceremony followed by a Working Lunch
(20-6-2024, Ottawa)
Myanmar Ambassador to Canada U Hau Khan Sum, in his capacity as current Chair of the ASEAN Committee in Ottawa (ACO) hosted the 285th Meeting of the ASEAN Committee in Ottawa’s Heads of Missions (ACO HOMs) and Handover Ceremony followed by a Working Lunch on 20 June 2024 at 1100 hrs. at the Founders Room of Royal Ottawa Golf Club. The Meeting was attended by the ASEAN Heads of Missions and members of the Working Group of the ACO.
During the Meeting, the ASEAN Heads of Missions reviewed activities implemented during Myanmar’s ACO Chairmanship and discussed the way forward. They also exchanged views on promoting ASEAN’s interests and identity in the host country and shared updated information on ASEAN’s external relations with its Dialogue Partners.
The Myanmar Ambassador appreciated the ASEAN Heads of Missions for their continued supports and cooperation during his Chairmanship, and handed over the Chairmanship of the ACO to Ms. Maria Andrelita S. Austria, Ambassador of the Philippines to Canada.
The Meeting was followed by a Working Lunch in which Mr. Oleg Stepanov, Ambassador of the Russian Federation to Canada was invited as a Guest of Honour. During the Working Lunch, the ASEAN Heads of Missions and the Ambassador of the Russian Federation discussed further strengthening of the ASEAN-Russia Strategic Partnership and exchanged views on regional and international issues.