(၁၈-၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ် အား ၁၈-၁-၂၀၂၄ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဘရာဇီးလ်သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးစီမံကိန်းများအတွက် နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဘက်အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော လေကြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အားကစားနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
****************************************
Deputy Foreign Minister receives Brazilian Ambassador to Myanmar
(18-1-2024, Nay Pyi Taw)
U Lwin Oo, Deputy Minister, Ministry of Foreign Affairs of the Republic of the Union of Myanmar received Mr. Gustavo Rocha de Menezes, Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Republic of the Union of Myanmar, at 1400 hrs on 18 January 2024 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, the Deputy Minister congratulated the Brazilian Ambassador on his recent appointment as Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Republic of the Union of Myanmar and they cordially exchanged views on matters relating to the enhancement of Myanmar-Brazil bilateral relations and potential areas of communication for mutual benefit, including the technical cooperation for the production of snake anti-venom in Myanmar, as well as the expansion of bilateral cooperation in the fields of aviation, agriculture, trade, health, sports and technology and the holding of political consultations between Myanmar and Brazil as well as closer collaboration in the international arenas.