(၁၆-၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေး ကူးမား အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အပါအဝင် နှစ်ဖက်အကျိုးရှိမည့်ကဏ္ဍ များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး နှင့် ဘင်းမ်စတက်အဖွဲ့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
************************
Deputy Minister for Foreign Affairs receives the India Ambassador to Myanmar
(16-1-2024, Nay Pyi Taw)
U Lwin Oo, Deputy Minister, Ministry of Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Vinay Kumar, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at 1400 hrs on 16 January 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially exchanged views on matters pertaining to the further enhancement of the friendly bilateral relations between the two countries, cooperation in areas of mutual interest particularly, capacity building and human resource development, progress of the ongoing development projects, cooperation to maintain peace and stability in the border area, as well as closer collaboration in regional and international contexts such as the BIMSTEC.