(၅-၁-၂၀၂၄၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ၅-၁-၂၀၂၄ ရက် ၁၆၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာယန္တရားမူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
နေ့လယ်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် တရုတ်ကိုယ်စား လှယ်အဖွဲ့အား မြတ်တော်ဝင်ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့သည်။
U Lwin Oo, Deputy Minister for Foreign Affairs holds Myanmar-China bilateral consultations with Mr. Sun Weidong, Vice Minister, Ministry of Foreign Affairs of the People’s Republic of China
(5-1-2024, Nay Pyi Taw)
U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar held Myanmar-China bilateral consultations with Mr. Sun Weidong, Vice Minister, Ministry of Foreign Affairs of the People’s Republic of China at 1630 hrs on 5 January 2024 at the Ministry of Foreign Affairs, Nay Pyi Taw.
At the bilateral meeting, they cordially exchanged views on matters pertaining to the further consolidation of the existing Pauk Phaw relations and continued implementation of mutually beneficial cooperation between the two countries, acceleration of the ongoing Myanmar-China bilateral projects under China-Myanmar Economic Corridor (CMEC) and Belt and Road Initiative (BRI), the maintenance of peace and stability along the Myanmar-China border area, intensification of collaboration between the two countries in the ASEAN and Mekong-Lancang Regional Cooperation Mechanisms and to render mutual support in regional and multilateral arenas as well as on matters of common interests.
In the afternoon, U Kyaw Myo Htut, Deputy Minister for Foreign Affairs hosted a luncheon to the visiting Chinese delegation led by Vice Minister of Foreign Affairs of the People’s Republic of China at the Myat Taw Win Hotel.