Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီးအာ တို့ တွေ့ဆုံဆွေးနွေး

(၇-၁၂-၂၀၂၃ ရက်၊ပေကျင်းမြို့)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြား ဆွေးနွေးပွဲအဖြစ် ၇-၁၂-၂၀၂၃ ရက်၊ (၀၉၀၀) နာရီတွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘော ဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီးအာ တို့တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကာလရှည်ကြာ တည်ရှိ သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs meets with Mr. Sok Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia

(7-12-2023, Beijing)
On the sidelines of the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting held in Beijing, People’s Republic of China, U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar met with Mr. Sok Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia at (0900) hrs on 7 December 2023, at the Diaoyutai State Guest House.
At the Meeting, both sides cordially exchanged views and discussed a wide range of topics, including strengthening of the longstanding friendship, expanding mutually beneficial bilateral cooperation particularly in the areas of tourism, religion and culture and promoting people-to-people exchanges, as well as rendering mutual support in regional and international arenas.

20240110-17

20240110-17

20240110-17

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.