Articles

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမို မြှင့်တင်ရေး၊ လေကြောင်းချိတ်ဆက်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံရောက် နီပေါ နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များကို ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*********************************

Deputy Minister of the Ministry of Foreign Affairs receives Ambassador of Nepal to Myanmar

(1-12-2023, Nay Pyi Taw)
U Lwin Oo, Deputy Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Harishchandra Ghimire, Ambassador Extraordinary and Plenipotentiary of Nepal to the Republic of the Union of Myanmar, at 1400 hrs on 1 December 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially exchanged views on promotion of existing friendly bilateral relations, expansion of cooperation in the areas of common interest including air connectivity and tourism between the two countries as well as closer cooperation in rendering consular assistance for Nepali nationals in Myanmar.

20240110-02

20240110-02

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.