Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက UNHCR ၏ လက်ထောက်မဟာမင်းကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည် စိစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဗန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ နယူးယောက်မြို့အခြေစိုက် UNHCR ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး၊ ဗန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၏ အကြီးတန်းနိုင်ငံရေးရာ အရာရှိ၊ ရန်ကုန်မြို့အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့် ပြင်ပ ဆက်ဆံရေးအရာရှိတို့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***************************************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives the delegation led by Assistant High Commissioner for Operations of UNHCR

(9 November 2023, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received the delegation led by Mr. Raouf Mazou, Assistant High Commissioner for Operations of the United Nations High Commissioner for Refugees (UNHCR) at 1000 hrs on 9 November 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on repatriation process for verified displaced persons from Bangladesh and ways and means pertaining to existing and further cooperation between the Government of Myanmar and the UNHCR.
Also present at the meeting were UNHCR Regional Director for Asia and the Pacific, Director of UNHCR Liaison Office in New York, Senior Policy Officer of the Regional Bureau for Asia and the Pacific, Representative of the UNHCR in Myanmar and External Relations Officer of UNHCR in Myanmar and senior officials of the Ministry of Foreign Affairs.

20231201-15

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.