Articles

ယီမင်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းပြမြေပုံ ရေးဆွဲနိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု၊ ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် နိုင်ငံရေးနည်းလမ်းအရ အလုံးစုံ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာ ယီမင်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ယီမင်နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြုလျက် မကြာမီကပြုလုပ်ခဲ့သည့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဆက်သွယ်ရေးနှင့် ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့နှင့် ယီမင်နိုင်ငံမြို့တော် စနား(ရ်)မြို့မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေးမှုကိုလည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဆော်ဒီအာရေဗျ တော်ဝင်မင်းသား ခါလစ် ဘင် ဆယ်လ်မန် နှင့် စနား(ရ်)မြို့မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း ကြိုဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ယီမင်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးကို ယီမင်နိုင်ငံ၏ ကာလရှည်ကြာပဋိပက္ခအား အဆုံးသတ်ရေးနှင့် ရေရှည် တည်တံ့သည့်ငြိမ်းချမ်းရေး ရရှိနိုင်ရန် ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် နိုင်ငံရေးနည်းလမ်းအရ အလုံးစုံအဖြေရှာရေးအတွက် တိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

************************************

Myanmar acknowledges efforts of the Kingdom of Saudi Arabia to reach a road map to support the peace process in Yemen and calls all Yemeni parties to achieve a comprehensive political solution under the auspices of the UN

The Government of the Republic of the Union of Myanmar acknowledges the continuous efforts of the Kingdom of Saudi Arabia in its support for the peace process in Yemen and welcomes the recent constructive discussions between the Saudi Communication and Coordination Team and Sanaa delegation; and between His Royal Highness Prince Khalid bin Salman, Minister of Defense of Saudi Arabia and Sanaa delegation, to reach a roadmap to support peace process in Yemen.
The Government of the Republic of the Union of Myanmar also calls all Yemeni parties concerned to achieve a comprehensive political solution under the auspices of the United Nations for the purpose of resolving the conflict and attaining lasting peace in Yemen.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 11 October 2023

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.