Articles

(၅၆)ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်ထုတ်ပြန်ခဲ့သည့်ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ဖော်ပြချက်အချို့သည် အာဆီယံပဋိညာဉ်ပါ မူကြီးများနှင့် ကိုက်ညီခြင်းမရှိအတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၁၁-၇-၂၀၂၃ရက်တွင်ပြုလုပ်ခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့အတွက် စိတ်ပျက်မိကြောင်း မြန်မာအစိုးရကိုယ်စား ဖော်ပြအပ်သည်။
အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေမှုများနှင့် သဘောထား ရပ်တည်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့် ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတစ်နိုင်ငံအား သီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်ရေးကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် “ဝင်ရောက်မစွက်ဖက်ရေးမူ” နှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမျှ လက်ခံခြင်းမရှိကြောင်း ထပ်မံဖော်ပြအပ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်းစဉ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ သို့ရာတွင် ပူးတွဲကြေညာချက်အား အပြီးသတ်ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံမှ အဆိုပြုပြင်ဆင်ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့သည်။
သို့ဖြစ်၍၊ အထက်ဖော်ပြပါအချက်များကို အခြေခံလျက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချလျက် ပါဝင်ပတ်သက်မှု မရှိကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိရေး တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်

*************************************

Myanmar categorically rejects the unfair and one-sided facts about Myanmar in the Joint Communiqué of the 56th ASEAN Foreign Ministers’ Meeting, as they contradict the Principles of the ASEAN Charter
On behalf of the Government of Myanmar, the Ministry of Foreign Affairs expresses its disappointment regarding the unfair and one-sided facts about Myanmar in the Joint Communiqué of the 56th ASEAN Foreign Ministers’ Meeting, held on 11 July 2023 in Jakarta, Indonesia.
Under the subtitle "The Development in Myanmar", the Joint Communiqué mentioned the domestic affairs of a member state based on unfair and one-sided information without reflecting the efforts of the member state to restore a genuine democratic system by peaceful means, and the facts provided were also neglected.
Myanmar reiterates its principled position on not accepting any country-specific paragraphs in any ASEAN Statement, including the Joint Communiqué since it contradicts the principle of non-interference, which is enshrined in the ASEAN Charter.
However, Myanmar, being a responsible member state, faithfully engaged in the Joint communiqué's drafting process. It was found that Myanmar's inputs, concerns and voice are not reflected in the final Joint Communiqué.
Therefore, Myanmar reiterates its disappointment regarding the unfair and one-sided facts about Myanmar and categorically rejects and dissociates itself from that paragraph in the Joint Communiqué. It also reaffirms that Myanmar is determined to restore democracy, peace and stability in accordance with its five-point roadmap.

Ministry of Foreign Affairs
Nay Pyi Taw
14 July 2023

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.