Articles

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (

(၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ramanathan Balakrishnan နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့အား ၇-၇-၂၀၂၃ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။
The Union Minister for International Cooperation receives UN Resident Coordinator and Humanitarian Coordinator (a.i.), and OCHA Head of Office (a.i.)
(7 July 2023, Nay Pyi Taw)
U Ko Ko Hlaing, Union Minister for International Cooperation received Mr. Ramanathan Balakrishnan, UN Resident Coordinator and Humanitarian Coordinator (a.i.), and Ms. Danielle Parry, UNOCHA’s Head of Office (a.i.) at the Ministry of International Cooperation in Nay Pyi Taw on 7 July 2023 at 14:00 hrs.
During the meeting, they discussed the matters of cooperation and collaboration for smooth and effective provision of humanitarian assistance to the needy population affected by Cyclone MOCHA in Myanmar.

20230726-22

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.