Articles

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၈-၆-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်၊ (၁၂:၃၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီး၏ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရမှု အပေါ် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် ရုရှားသံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*******

The Union Minister for International Cooperation receives the Russian Ambassador (28 Jun 2023, Nay Pyi Taw)

H.E. U Ko Ko Hlaing, Union Minister for International Cooperation received H.E. Dr. Nikolay Listopadov, Ambassador Extraordinary and Plenipotentiary of the Russian Federation to the Republic of the Union of Myanmar, who is leaving Myanmar after completion of his tour of duty in Myanmar at the Union Minister’s Office on 28 June 2023 at 12:30 hrs.
At the farewell call, the Union Minister congratulated the Ambassador on being conferred the Honorary Title “Wunna Kyaw Htin” for his outstanding performance in enhancing friendly cooperation between the Republic of the Union of Myanmar and the Russian Federation. They then exchanged views on the status of the existing traditional friendly relations and development of comprehensive cooperation between the two countries.

20230706-46

20230706-46

20230706-46

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.