Articles

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ (၂၆-၆-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration - IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ၂၆-၆-၂၀၂၃ ရက်၊ နေ့လယ် (၁၂၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် IOM အနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ ပြည်သူများကို အကူအညီများ ပေးအပ်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်းသွားလာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***************************

The Union Minister for Foreign Affairs receives the IOM Regional Director for Asia and the Pacific (26 June 2023, Nay Pyi Taw)

H.E. U Than Swe, Union Minister for Foreign Affairs, received Ms. Sarah Lou Ysmael Arriola, Regional Director for Asia and the Pacific of International Organization for Migration (IOM), at the Ministry of Foreign Affairs, Nay Pyi Taw on 26 June 2023 at 1200 hours.
During the courtesy call, they shared their views on the matters pertaining to the support of the IOM to the people of Myanmar in the field of migration, the updates on progress of IOM’s current work programs in Myanmar and the cooperation between the two sides.
Also present at the meeting were the senior officials from the Ministry of Foreign Affairs, Mr. Dragan Aleksoski, IOM Chief of Mission for Myanmar and Mr. Chaoqian Xiong, Regional Migration Policy Support Officer.

20230706-30

20230706-30

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.