Articles

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သံရုံး ယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ (၂၃-၆-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. A. S. M. Sayem အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေး၊ နှစ်နိုင်ငံ အကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

**********************

The Union Minister for Foreign Affairs receives the Bangladeshi Chargé d'Affaires a.i. (23 June 2023, Nay Pyi Taw)

U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. A. S. M. Sayem, Chargé d'Affaires a.i. of the Embassy of the People’s Republic of Bangladesh, Yangon, at 1000 hrs. on 23 June 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially discussed matters related to the further enhancement of the bilateral ties, early commencement of the repatriation of displaced persons from Rakhine State and expansion of cooperation in areas of mutual interest as well as in regional and multilateral arenas.

20230706-22

20230706-22

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.