နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီး ဦးချမ်းအေး သည် ၁၄-၆-၂၀၂၃ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ ဒေသဆိုင်ရာဖိုရမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ၊ အဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro ကသဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံဒေသဆိုင်ရာဖိုရမ် အဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ အဆင့်မြင့်အရာရှိကြီးများသည် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ ကြားကာလ (၂၀၂၂-၂၀၂၃) ခုနှစ်အတွက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး လာမည့်နှစ်ကြားကာလ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ရှင်းလင်းတင်ပြသည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်၏ ဟနွိုင်းလုပ်ငန်းစီမံချက်- ၂ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်ဆောင်မှု အခြေအနေကို မှတ်သားခဲ့ကြပြီး (၃၀)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေး အတွက် အဆိုပြုထားသည့် ARF ထုတ်ပြန်ကြေညာချက်များနှင့် အခြားကြေညာချက်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အမြဲတမ်းအတွင်းဝန်က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် အကြမ်းဖက်သမား များ၏ အဖျက်လုပ်ငန်းများအပါအဝင် ကျူးလွန်မှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
************************
U Chan Aye, Permanent Secretary of the Ministry of Foreign Affairs attends the ASEAN Regional Forum Senior Officials’ Meeting (ARF SOM)(14 June 2023, Nay Pyi Taw)
U Chan Aye, Permanent Secretary of the Ministry of Foreign Affairs and SOM Leader of ASEAN-Myanmar attended the ASEAN Regional Forum Senior Officials’ Meeting (ARF SOM) which was held via videoconference on 14 June 2023. The meeting was chaired by H.E. Sidharto Reza Suryodipuro, SOM Leader of ASEAN-Indonesia and attended by Senior Officials and representatives from ARF Member States and ASEAN Secretariat.
During the Meeting, Senior Officials reviewed on the progress of the implementation of the ARF activities for the current Inter-Sessional Year (2022-2023) and discussed the proposed list of track 1 activities for the next Inter-Sessional Year (2023-2024). The meeting took note of the briefing made by ASEAN Secretariat on the implementation of the Hanoi Plan of Action II (2020-2025) and agreed to further discuss on the proposed ARF statements and outcome documents for 30th ARF Ministerial Meeting.
The meeting exchanged views on regional and international issues, including the recent developments in Myanmar. Permanent Secretary informed the meeting on the preparation for repatriation of the displaced persons to Rakhine State, Myanmar’s efforts to restore democracy, destructive and violent acts committed by terrorists.