Articles

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၇-၆-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် နယူးဒေလီမြို့ အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၇-၆-၂၀၂၃ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Union Minister for International Cooperation receives the delegation led by the President of the Foreign Correspondents’ Club of South Asia (7 June 2023, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation of the Republic of the Union of Myanmar, received the delegation led by Mr. Shirumalla Venkat Narayan, the President of the Foreign Correspondents’ Club of South Asia, based in New Delhi at 1030 hrs. on 7 June 2023 at the Ministry of International Cooperation, Nay Pyi Taw.
During the call, they cordially exchanged views on the latest developments in Myanmar and efforts of the Myanmar Government to ensure peace and stability of the country as well as matters related to the enhancement of cooperation between the two countries in the areas of trade and investment, connectivity and media development.

20230706-10

20230706-10

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.