Articles

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ် (၈-၆-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ၈-၆-၂၀၂၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ကလည်း အထိမ်းအမှတ်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါ သည်။ အခမ်းအနား၌ သဘောတူညီချက် (၄)ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ တို့အကြား တရုတ်နိုင်ငံက အကူအညီပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်း/ လက်ခံလွှာများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံသာ များအတွက် အမေရိကန်ဒေါ်လာ (၆.၉) သန်းတန်ဖိုးရှိ ကာကွယ်ဆေး(၃)သန်းနှင့်ဆေးထိုးအပ်များ ထောက်ပံ့ပေးအပ်မည်ဖြစ်ပါသည်။
အစိုးရနည်းပညာကောလိပ်(မန္တလေး)အတွက် အွန်လိုင်းဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လဲလှယ်ခဲ့ကြပါသည်။ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံသုံးငွေကြေး ယွမ် ၇၁၇,၂၀၀ တန်ဖိုးရှိသည့် စီမံကိန်းဖြစ်ပါသည်။
အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှု ပြုလုပ်မည့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လဲလှယ်ခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား တရုတ်နိုင်ငံသုံးငွေကြေး ယွမ် ၂,၀၀၀,၀၀၀ ကို စီမံကိန်းအတွက် ထောက်ပံ့ပေးအပ်မည်ဖြစ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ သုတေသန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရည်အသွေးမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးနယ်ပယ်များ၌ ဝန်ကြီးဌာန (၇)ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း စုစုပေါင်း (၁၄) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် လက်ခံရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း အရေအတွက်မှာ ၁၀၆ ခု အထိ ရှိလာခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၁.၄ သန်းခန့်တန်ဖိုးရှိ အကူအညီများ လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။
အခမ်းအနားအပြီးတွင် ဧည့်သည်တော်ကြီးများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
************************************
Signing ceremony held in Nay Pyi Taw commemorating the 73rd Anniversary of the Establishment of Diplomatic Relations between the Republic of the Union of Myanmar and the People’s Republic of China (8 June 2023, Nay Pyi Taw)

In commemoration of the 73rd Anniversary of the establishment of diplomatic relations between the Republic of the Union of Myanmar and the People’s Republic of China, a signing ceremony for the cooperation agreements between Myanmar and China was held at the M-Gallery Hotel, Nay Pyi Taw in the afternoon of 8 June 2023.
At the ceremony U Than Swe, Union Minister for Foreign Affairs delivered the commemorative speech. H.E. Mr. Chen Hai, Ambassador of People’s Republic of China also delivered the commemorative remarks. Union Minister for International Cooperation U Ko Ko Hlaing, Union Minister for Science and Technology Dr. Myo Thein Kyaw, Union Minister for Health Dr. Thet Khine Win, Union Minister for Sports and Youth Affairs U Min Thein Zan, Union Minister for Hotels and Tourism U Aung Thaw, Deputy Minister for Foreign Affairs U Kyaw Myo Htut, Deputy Minister for Agriculture, Livestock and Irrigation Dr. Aung Gyi, Deputy Minister for Sports and Youth Affairs U Myo Hlaing and senior officials from concerned ministries were also present at the ceremony. Four Agreements were signed and exchanged at the ceremony.
The Handover and Acceptance Certificate for China aided COVID-19 Vaccine between the Government of the Republic of the Union of Myanmar and the Government of the People’s Republic of China was signed by Dr. Thet Khine Win, Union Minister for Health and H.E. Mr. Chen Hai, Ambassador of the People’s Republic of China in which China provides 3 million doses of vaccine and syringes, worth of (6.9) million USD, for the peoples of Myanmar.
Dr. Myo Thein Kyaw, Union Minister of the Ministry of Science and Technology and H.E. Mr. Chen Hai, Chinese Ambassador to Myanmar exchanged the Letters on the project to provide equipment and online service to the Government Technological College (Mandalay). This project is worth RMB 717,200.
U Minn Thein Zan, Union Minister of the Ministry of Sports and Youth Affairs and H.E. Mr. Chen Hai, Ambassador of Peoples’ Republic of China to Myanmar also exchanged the Letters on the project to conduct a feasibility study on the reconstruction of Aung San Sport Stadium. As per the agreement, China will provide a grant of RMB 2,000,000 to Myanmar.
The Agreement on the Transfer of Fund for Mekong-Lancang Cooperation Special Fund (2023) Projects was signed by U Kyaw Myo Htut, Deputy Minister for Foreign Affairs and H.E. Chen Hai, Chinese Ambassador to Myanmar. In accordance with the agreement, China will transfer over US$ 3.8 million to Myanmar for 14 Mekong-Lancang Cooperation Special Fund projects to be implemented in Myanmar by seven line Ministries in the fields of agriculture, livestock research, electricity supply, environmental conservation, capacity building, science and technology, trade, and tourism. The total number of MLC Special Fund projects received by Myanmar since 2017 to date has reached to 106. Myanmar has received assistance worth US$ 31.4 million through the MLC Special Fund supported by China.
Refreshments were served at the ceremony.

20230706-03

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.