Articles

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်အား လက်ခံတွေ့ဆုံ

(၁၆-၅-၂၀၂၃ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်ဖြစ်သူ Ms. Noriko Takagi အား ၁၆-၅-၂၀၂၃ ရက်၊ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့် ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Union Minister for International Cooperation receives UNHCR Representative to Myanmar
(16 May 2023, Nay Pyi Taw)
U Ko Ko Hlaing, Union Minister for International Cooperation received Ms. Noriko Takagi, UNHCR Representative to Myanmar at 10:00 hrs on 16 May 2023, at the Ministry of International Cooperation in Nay Pyi Taw.
During the meeting, UNHCR Representative to Myanmar discussed the matters relating to the willingness of UN agencies to support and assist the population affected by Cyclone MOCHA in Myanmar as well as the repatriation and resettlement of displaced persons from Rakhine State.
Subsequently, the Union Minister deliberated about the importance of collaboration between UN agencies and the Government of Myanmar for provision of humanitarian assistance to the affected population and the government’s efforts on repatriation and resettlement of displaced persons from Rakhine

20230606-24

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.