Articles

မုန်တိုင်းဘေးဒဏ်ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ခေါက်ဆွဲခြောက်များ လှူဒါန်း

(၈-၅-၂၀၂၃ ရက်၊ နေပြည်တော်)
မြန်မာနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော လေပြင်းမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် အသုံးပြုနိုင်ရန်အတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံး၏ စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ စုပေါင်းလှူဒါန်းသော ထိုင်းဘတ်ငွေ (၁,၀၇၇,၂၆၃) တန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် (၁၅၈,၆၄၀) ထုပ်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် မှ ၈-၅-၂၀၂၃ ရက်၊ ၁၅၀၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ တင်ဆောင်လာသည့် ယာဉ် (၂)စီး သည် မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းတွင် ရောက်ရှိလာပါသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး တို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.