(၁၀-၅-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင် အား ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Union Minister for Foreign Affairs receives Ambassador Extraordinary and Plenipotentiary of Saudi Arabia to Myanmar
(10 May 2023, Nay Pyi Taw)
Union Minister for Foreign Affairs U Than Swe received H.E. Mr. Saud bin Abdullah Al Subaie, Ambassador Extraordinary and Plenipotentiary of the Kingdom of Saudi Arabia to the Republic of the Union of Myanmar at the Ministry of Foreign Affairs, Nay Pyi Taw at 10:00 hrs on 10 May 2023.
At the call, they cordially exchanged views on matters pertaining to the strengthening of existing friendly bilateral ties between Myanmar and Saudi Arabia, expanding mutually beneficial cooperation including investment and trade sectors as well as closer collaboration both at regional and international arena.