(၆-၅-၂၀၂၂ ရက်၊ နေပြည်တော်)
AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်၍ မြန်မာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၆-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖနောင်ပင်မြို့ အခြေစိုက် အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် “မည်သူ့ကိုမျှ ချန်လှပ်ထားမှုမရှိရေး” မူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များပေးအပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်း အထူးသဖြင့် ရောက်ရှိရန်ခက်ခဲသော ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ မူဘောင် အကောင်အထည်ဖော်ရေးအပေါ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့က အမှန်တကယ်လိုအပ်နေသူများထံ အာဆီယံ၏လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဖြူးရေး အစီအစဉ် အကောင်အထည်ဖော်ရေးကို ကြိုဆိုခဲ့ပါသည်။
ထို့ပြင် အစည်းအဝေးတွင် မြန်မာလုပ်ငန်းအဖွဲ့၊ အာဆီယံအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့အနေဖြင့် အာဆီယံခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ (၅) ချက်ပါ စတုတ္ထအချက်တွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး အပိုင်း (၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ပံ့ပိုးကူညီသွားရေးကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြပြီး လူသား ချင်းစာနာထောက်ထားသည့် အကူအညီများ အမြန်ဆုံး ဆက်လက်ပေးအပ်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) များဖြင့် နှစ်ဖက်သဘောတူညီမှုရရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
**********
H.E. U Ko Ko Hlaing, Union Minister for Ministry of International Cooperation and Chairman of the Task Force to facilitate provision of humanitarian assistance to Myanmar through AHA Centre attended the Consultative Meeting on ASEAN Humanitarian Assistance to Myanmar
(6-5-2022, Nay Pyi Taw)
Myanmar Delegation led by H.E. U Ko Ko Hlaing, Union Minister for Ministry of International Cooperation and Chairman of the Task Force to facilitate provision of humanitarian assistance to Myanmar through the AHA Centre, accompanied by members of the Task Force; H.E. Dr. Aye Tun, Deputy Minister for Ministry of Health, H.E. U Aung Tun Khaing, Deputy Minister for Ministry of Social Welfare, Relief and Resettlement and officials from relevant Ministries attended the Consultative Meeting on ASEAN Humanitarian Assistance to Myanmar held on 6 May 2022 in Phnom Penh.
The Meeting was co-chaired by H.E. Mr. Prak Sokhonn, Deputy Prime Minister and Minister for Foreign Affairs and International Cooperation of Cambodia in his capacity as the Special Envoy of the ASEAN Chair and H.E. Dato Lim Jock Hoi, Secretary-General of ASEAN in his capacity as the ASEAN Humanitarian Assistance Coordinator. The Meeting was also attended by the Head of Missions of ASEAN Member States in Phnom Penh, the Representatives of UN Agencies, the External Partners of ASEAN and the AHA Centre.
The Meeting discussed on the provision of Humanitarian Assistance to Myanmar with the principle of “Leaving no one behind”, the operational challenges to ASEAN Humanitarian Assistance to Myanmar and the Framework for COVID-19 Vaccine Administration in Myanmar especially for hard-to-reach areas.
The Meeting also welcomed the implementation of the ASEAN Humanitarian Assistance Delivery Arrangement in the areas identified by Myanmar Task Force based on actual needs and gaps.
The Meeting reaffirmed commitments from Myanmar Task Force, ASEAN Member States, ASEAN Secretariat and the AHA Centre to facilitate swift and effective implementation of the Phase 2 Humanitarian Assistance under the Point 4 of the Five-Point Consensus of the ASEAN Leaders’ Meeting. The Meeting also discussed expedition of continued provisions of humanitarian assistance by conducting the pilot projects in mutually agreed areas.