(၂၃-၃-၂၀၂၃ ၊ နေပြည်တော်)
မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၃-၂၀၂၃ ရက်နေ့၊ ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမှန်တကယ်အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် လိုအပ်ချက် ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကြားကာလအကူအညီပေးအပ်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ထိရောက်၍ လုံခြုံမှုရှိသော မြေပြင်လုပ်ငန်းများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေး၌ အာဆီယံတူညီဆန္ဒ၏ စတုတ္ထအချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊ အကူအညီလိုအပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှိရင်းစွဲယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းအားကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Ad-Hoc Meeting of the Task Force to facilitate the provision of Humanitarian Assistance to Myanmar through the AHA Centre
(23-3-2023, Nay Pyi Taw)
The Ad-Hoc Meeting of the Task Force to facilitate the provision of Humanitarian Assistance to Myanmar through the AHA Centre was held at 1000 hrs on 23 March 2023 at the Ministry of Foreign Affairs, Nay Pyi Taw.
The Meeting was chaired by U Ko Ko Hlaing, Union Minister for International Cooperation and Chairman of the Myanmar Task Force and attended by Vice Chairperson of the Task Force, Dr. Thet Thet Khaing, Union Minister for Social Welfare, Relief and Resettlement and members of Myanmar Task Force from the respective ministries.
The Meeting discussed the ways forward to facilitate the completion of Joint Needs Assessment in order to proceed the provision of broader humanitarian assistance to people in need in Myanmar and coordinated among the concerned Ministries to ensuring effective and secure on-ground procedures for interim arrangement of provision of humanitarian assistance to Myanmar. The Meeting, then reaffirmed Myanmar’s commitment for the implementation of the Point 4 of the Five-Point Consensus which is the provision of humanitarian assistance to Myanmar by enhancing the synergy between the existing mechanisms to meet the needs of people in need.