Welcome to EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA)



20250530-01


(၂၆-၅-၂၀၂၅ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏သမ္မတဟောင်း H.E. Mr. Tran Duc Luong ကွယ်လွန်ခဲ့ခြင်းအတွက် အော်တာဝါမြို့ရှိ ဗီယက်နမ်သံရုံး၌ ဖွင့်လှစ်ထားရှိသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

Myanmar Ambassador signs the Condolence Book opened in remembrance of the former President of Vietnam

(26-5-2025, Ottawa)

U Hau Khan Sum, Ambassador of Myanmar to Canada signed the Condolence Book opened at the Embassy of Vietnam in Ottawa in remembrance of H.E. Mr. Tran Duc Luong, former President of the Socialist Republic of Vietnam.

20250529-27

(၂၇-၅-၂၀၂၅ရက်၊နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ၂၇-၅-၂၀၂၅ ရက်၊ ၁၀:၃၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးဘက်ပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

***********************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives UNFPA Representative to Myanmar

(27-5-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Jaime Nadal Roig, Representative of the United Nations Population Fund (UNFPA) to Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 10:30 hrs on 27 May 2025.
During the meeting, they exchanged views on matters pertaining to the activities of UNFPA in Myanmar and provision of the reproductive health kits to women and girls from the earthquake affected areas.
Also present at the meeting were the senior officials of the Ministry of Foreign Affairs.

20250529-23

(၂၆-၅-၂၀၂၅ ရက်၊ အော်တာဝါ)

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌဆရာတော်၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် (၂၅-၅-၂၀၂၅)ရက်၊ (၁၆:၀၀)နာရီတွင် အော်တာဝါမြို့ရှိ Hilda Jayewardenaramaya ဘုန်းတော်ကြီးကျောင်း၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူး ကျင်းပသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်၏ ဥက္ကဋ္ဌဆရာတော် Venerable Bhante Jinananda Thero က ဩဝါဒကထာများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် အထူး ဧည့်သည်တော်များအနက် မြန်မာသံအမတ်ကြီးနှင့် သီရိလင်္ကာသံအမတ်ကြီးတို့က ဗုဒ္ဓနေ့ပူဇော်ပွဲနှင့် ပတ်သက်၍ အမှတ်တရစကားများ ပြောကြားခဲ့ကြရာတွင် မြန်မာသံအမတ်ကြီးက ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းစသည့် အမြင့် မြတ်ဆုံးသော ဖြစ်စဉ်(၃)ခုကို အောက်မေ့သတိရသည့်အနေဖြင့် ဗုဒ္ဓနေ့ (Vesak Day) အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ထားကျင်းပနေမှုများ၊ မြန်မာနိုင်ငံ၌ ကဆုန် လပြည့်ဗုဒ္ဓနေ့ကို ကဆုန်လပြည့်နေ့တွင် နိုင်ငံတဝှမ်း၌ ကျင်းပလျက်ရှိသည့် အခြေအနေများနှင့် ပိုမိုအေးချမ်းသာယာ၍ မေတ္တာဂရုဏာပိုမိုကြီးမားသည့် ကမ္ဘာကြီးကို တည်ဆောက်ကြရာ၌ မေတ္တာ ဂရုဏာထားခြင်း၊ သည်းခံခြင်းနှင့် အသိသတိနောက်သို့လိုက်ခြင်း စသည်တို့အပါအဝင် ဗုဒ္ဓ၏ အဆုံးအမများကို မိမိတို့၏နေ့စဉ်လူမှုဘဝတွင် လိုက်နာကျင့်ကြံကြရန် အရေးကြီးမှုများကို ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

*********************

Ambassador of Myanmar to Canada attends Vesak Day Celebration organised by the Buddhist Congress of Canada

( 26-5- 2025, Ottawa)

At the invitation of the President of the Buddhist Congress of Canada, Ambassador of Myanmar to Canada U Hau Khan Sum attended Vesak Day Celebration organized by the Buddhist Congress of Canada at 4:00 p.m. on May 25, 2025 at Hilda Jayewardenaramaya Temple in Ottawa.
The ceremony began with an observance of the Five Noble Precepts followed by a sermon from Venerable Bhante Jinananda Thero, President of the Buddhist Congress of Canada. Afterward, the Ambassador of Myanmar and the High Commissioner of Sri Lanka delivered messages of reverence in honour of the Vesak Day in which the Ambassador of Myanmar highlighted the significant of Vesak Day which commemorates three most sacred events in the life of Lord Buddha – his birth, his enlightenment and his passing into the Parinirvanna. He also shared that Vesak is celebrated across the country on the Full Moon day of Kason which falls in the second month of Myanmar calendar while stressing the importance of practicing the teachings of Buddha including loving-kindness, tolerance and the pursuit of wisdom in our daily lives to build a more peaceful and compassionate world.

20250529-25

(၁၅-၅-၂၀၂၅ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ၁၅-၅-၂၀၂၅ ရက်၊ ၁၃၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် UNOPS မှ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှုအခြေအနေ၊ မြန်မာအစိုးရနှင့် UNOPS အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

**********************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar receives Ms. Sara Austin Netzer, Country Director and Representative of the United Nations Office for Project Services (UNOPS) in Myanmar

(15-5-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received Ms. Sara Austin Netzer, Country Director and Representative of the United Nations Office for Project Services (UNOPS) in Myanmar at 1300 hrs on 15 May 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters relating to the provision of relief items to the earthquake victims by the UNOPS and further cooperation between the Government of Myanmar and the UNOPS.
Also present at the meeting were senior officials of the Ministry of Foreign Affairs

20250529-21

More Articles...

Subcategories

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Login

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.