(၁၂-၁၂-၂၀၂၄ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဌဖြစ်သူ ဖိလစ်ပိုင်သံအမတ်ကြီး Maria Andrelita S. Austria ဉီးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chateau Laurier Hotel ၌ ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေး နှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဉီးစွာ အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံအမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြပြီးနောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင ့်ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အပါအဝင် အာဆီယံ-ကနေဒါမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖိလစ်ပိုင်သံအမတ် ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဌ တာဝန်ကို ထိုင်းသံအမတ်ကြီး Kallayana Vipattipumiprates ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း(ကနေဒါ) ဒုတိယဥက္ကဋ္ဌ Ms. Vina Nadjibulla တို့၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Ambassador of Myanmar to Canada attends the ASEAN Committee Meeting and Handover Ceremony
(12-12-2024, Ottawa)
Ambassador of Myanmar to Canada U Hau Khan Sum attended the 288th Meeting of the ASEAN Committee in Ottawa (ACO) Heads of Missions and Handover Ceremony of the Chairmanship of the ACO hosted by Ambassador of the Philippines and current Chair of the ACO Maria Andrelita S. Austria on 12 December 2024 at Fairmont Chateau Laurier Hotel in Ottawa.
The ASEAN Heads of Missions welcomed Dr. Shazelina Zainul Abidin, new High Commissioner of Malaysia to Canada and exchanged views on the development of ASEAN-Canada Strategic Partnership including outcomes of the Team Canada Trade Missions to Indonesia and the Philippines. Afterward, the Ambassador of the Philippines handed over the Chairmanship of the ACO to Ambassador Kallayana Vipattipumiprates of the Kingdom of Thailand. The Meeting was followed by a working lunch with Ms. Vina Nadjibulla, Vice-President of Asia Pacific Foundation of Canada.