(၅-၅-၂၀၂၃ ရက်၊ နေပြည်တော်)
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ၅-၅-၂၀၂၃ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ၎င်းတို့၏ လူမှုဘဝ တည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ဘဝရပ်တည်ရေးကိစ္စတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာ ထောက်ထားမှုအကူအညီပေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှု ရှိစေရေး သက်ဆိုင်သူ အားလုံးအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးတက်ရောက် လာသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အပါအဝင် ကော်မတီဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု များနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တွဲဘက်အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သတင်းမှန် ပြန်ကြားရေးကို ထိရောက်စွာ ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားရာတွင် ရခိုင်ပြည်နယ်တွင်း အကူအညီများ ပေးအပ်ရာ၌ အသိုက်အဝန်းများ အကြား ခွဲခြားမှုမရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
MOFA Union Minister attends the meeting 1/2023 of the Working Committee for the cooperation with the UN Agencies and International Organizations under the Central Committee for the Rakhine State’s Peace, Stability and Development
(5-5-2023, Nay Pyi Taw)
The meeting of the Working Committee for cooperation with the United Nations Agencies and International Organizations (1/2023) under the Central Committee for the Rakhine State’s Peace, Stability and Development was held at the Ayeyarwady Hall, Ministry of Foreign Affairs (MOFA) on 5 May 2023 at 1000 hrs.
During the meeting, the Union Minister H.E. U Than Swe, in the capacity of the Chairman of the Working Committee for the cooperation with the UN Agencies and the International Organizations, underlined that the Government of Myanmar has been making efforts for the repatriation of the displaced persons from the Bangladesh side under a pilot project. The Union Minister highlighted that necessary work should be done for the sustainable livelihoods for the returnees. Moreover, he also underscored that it is important to effectively cooperate with the United Nations agencies and international organizations for the sustainable return and livelihoods of the displaced persons.
Additionally, H.E. U Ko Ko Hlaing, the Union Minister for International Cooperation, made emphasis on cooperation among stakeholders for the effective humanitarian assistance in Rakhine State and dissemination of local information to the international community. Dr. Wah Wah Maung, Deputy Minister of the Ministry of Investment and Foreign Economic Relations and the Vice Chair of the Working Committee, and members of the Working Committee deliberated the ongoing implementation and progress of the activities in the Rakhine State as well as the updates on activities carried out under the pilot project.
The Permanent Secretary of the Ministry of Foreign Affairs, in the capacity of the Secretary of the Working Committee, also discussed the updates on the implementation of the 1/2022 meeting decisions of the Working Committee and its future plan while the Permanent Secretary of the Ministry of Information, Co-Secretary of the Working Committee, stressed the effective dissemination of the credible information.
As a concluding remark, the Union Minister for Foreign Affairs of the Republic of the Union of Myanmar, in the capacity of the Chairman of the Working Committee, emphasized that it is important for a fair distribution of assistance to all communities in Rakhine State without discrimination.