ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက ဗင်ကူးဗားမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ

(၂၅-၄-၂၀၂၃ ရက်၊ အော်တာဝါမြို့)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ (၁၄၃၀) နာရီတွင် ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung အား မြန်မာသံရုံး၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးအသိပေးခဲ့ပြီး၊ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ မြန်မာနိုင်ငံသား များ၏အကျိူးစီးပွား ကာကွယ်စောင့်ရှောက်ပေးရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့်ကနေဒါနိုင်ငံ တို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် နိုင်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230427-27

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.