(၂၃-၃-၂၀၂၃၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၃-၃-၂၀၂၃ ရက်၊ (၁၁၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က စတင်အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအစဉ် (Global Civilization Initiative) ကိစ္စ၊ တရုတ်နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့် (၁၄) ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတို့မှ ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များ၊ မြန်မာ-တရုတ် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမို မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။
U Than Swe, Union Minister for Foreign Affairs receives Mr. Chen Hai, Ambassador of China to Myanmar
(23-3-2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chen Hai, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Republic of the Union of Myanmar, at 1130 hrs on 23 March 2023 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, they cordially discussed the matters pertaining to the Global Civilization Initiative proposed by President Xi Jinping, the successful outcomes of Chinese People’s political consultative conference (CPPCC) and 14th National People’s Congress (NPC) of the People’s Republic of China in 2023,the maintenance of peace and stability along the border area between Myanmar and China, and China’s continuous constructive support towards Myanmar development endeavor and for the success of the repatriation and resettlement of displaced persons from Rakhine State as well as further enhancement of mutually beneficial cooperation both at regional and international arena.