မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(၂၃-၃-၂၀၂၃ရက်၊နေပြည်တော်)
မတ်လ (၂၃) ရက်တွင်ကျရောက်သောမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၇) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်အခမ်းအနားအဖြစ် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံအမတ်ကြီးများက မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏ အောင်မြင်မှုပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်ကြီးများသည် ပြပွဲအတွင်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဝန်ကြီး ဌာန(၁၇)ခုက ပူးပေါင်းဆောင်ရွက်မှုဧရိယာ (၃၄) ခု၌ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း (၉၂) ခုမှ ရလဒ်များ ပြသထားမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို အဆိုပါ ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြားခဲ့ရာ ဒေသတွင်း အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့်အကျိုးကျေးဇူးများ၊ မြန်မာပြည်သူများအတွက် အထူးရန်ပုံငွေစီမံကိန်းများမှတဆင့် အထောက်အကူပြုမှုများ၊ ဒေသတွင်းငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၏ အရေးပါမှုတို့ကို ထည့်သွင်းပြောကြားခဲ့ပြီး၊ အထူးရန်ပုံငွေ ထောက်ပံ့သည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကလည်း အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတို ပြသမှုကို ကြည့်ရှုခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်ညစာစားပွဲအား ဆက်လက်ကျင်းပခဲ့ရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် တို့က ဂုဏ်ပြုလက်ဆောင်ပန်းခြင်းများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို၂၀၁၆ ခုနှစ်၊ မတ်လ၂၃ရက်တွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယား၊တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ ပါဝင်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ခုနှစ်၊မတ်လ၂၃ရက်

Commemorative event held to mark the7th Anniversary of Mekong-Lancang Cooperation

(23-3-2023, Nay Pyi Taw)
In honour of the 7th Anniversary of Mekong-Lancang Cooperation falls on March 23, the Exhibition on the Achievements of Mekong-Lancang Cooperation Special Fund Projects in Myanmar was organized by the Ministry of Foreign Affairs followed by the commemorative reception at the M-Gallery Hotel today afternoon.
Admiral Tin Aung San, Deputy Prime Minister and Union Minister for Transport and Communications, U Than Swe, Union Minister for Foreign Affairs, Union Ministers from the MLC Special Fund Projects implementation ministries, Ambassadors and Diplomats from the Embassies of Mekong-Lancang Cooperation Member States, Deputy Ministers and Senior Officials attended the commemorative event.
Union Minister for Foreign Affairs U Than Swe and the Heads of Mission from the Embassies of Mekong-Lancang Cooperation cut the ribbon to signify the opening of the Exhibition on the Achievements of Mekong-Lancang Cooperation Special Fund Projects in Myanmar. The dignitaries observed the exhibition on the outcome of 92 MLC Special Fund projects implemented by seventeen Ministries in 34 cooperation areas.
After that, the reception of the 7th Anniversary of the Mekong-Lancang Cooperation was also held at the same hotel. At the reception, Union Minister for Foreign Affairs U Than Swe delivered a commemorative address in which he praised the benefits of Mekong-Lancang Cooperation in pursuit of regional sustainable inclusive development as well as valuable assistance to the peoples of Myanmar through Mekong-Lancang Cooperation Special Platform. He also highlighted the importance of MLC principles in the maintenance of regional peace and stability, and also for the promotion of socio-economic development for the Mekong-Lancang Region. The Union Minister expressed his appreciation to the contribution of China to the MLC Special Fund.
H.E. Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar ‌also delivered commemorative speech.
The commemorative photo was taken and the Video Clip Presentation featuring activities of Mekong-Lancang Cooperation in Myanmar was presented at the occasion. During the dinner, the cultural troupe from the Fine Arts Department of the Ministry of Religious Affairs and Culture entertained the attendee with cultural performances. A flower bouquet was presented to the cultural troupe by the Admiral Tin Aung San, Deputy Prime Minister and Union Minister for Transport and Communications, U Than Swe, Union Minister for Foreign Affairs and H.E. Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar.
Mekong-Lancang Cooperation was established on 23rd March 2016 with an aim to cooperate for the regional sustainable inclusive development by the six member countries which are Cambodia, China, Laos, Myanmar, Thailand and Viet Nam. Myanmar and China have been taking responsibilities as the current Co-Chairs of Mekong-Lancang Cooperation.

Ministry of Foreign Affairs
Nay Pyi Taw
23rd March 2023

20230407-12

20230407-12

20230407-12

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.