(၂၀-၃-၂၀၂၃ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဗီယင်နာမြို့ အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်၊ (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အကောင် အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
U Ko Ko Hlaing, Union Minister for International Cooperation of the Republic of the Union of Myanmar, received Mr. Mag Philip Schonthal, Myanmar Honorary Consul-General to Austria with residence in Vienna
(20-3-2023, Nay Pyi Taw)
U Ko Ko Hlaing, Union Minister for International Cooperation of the Republic of the Union of Myanmar, received Mr. Mag Philip Schonthal, Myanmar Honorary Consul-General to Austria with residence in Vienna, at 11:00 hrs on 20 March 2023, at the Union Minister’s Office of the Ministry of International Cooperation in Nay Pyi Taw.
At the meeting, they discussed recent developments in Myanmar and the Union Minister highlighted Myanmar’s efforts in cooperation with the international community and the implementation of humanitarian assistance provision in Myanmar.