နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

(၁၅-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၁၅-၃-၂၀၂၃ ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်နိုင်ရေးအတွက်သာမက နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း/အမှုထမ်းများအပါအဝင် ပြင်ပမှ သံတမန်ရေးရာစိတ်ဝင်စားသူများအတွက် လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရန်၊ နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ရာတွင် ပုံမှန်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် သင်တန်းများအား ပြန်လည်လေ့လာသုံးသပ်ခြင်းနှင့် မျက်မှောက်ကာလနှင့် ကိုက်ညီမှုရှိပြီး ဌာနများတွင် လိုအပ်သော သင်တန်း များကို လက်တွေ့လုပ်ဆောင်သွားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ မွမ်းမံဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်မှ နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း/အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ အပြင် မိမိကိုယ်တိုင်လေ့လာသင်ယူနိုင်ရေး လေ့ကျင့်ပညာပေးခြင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးစီစဉ်ဆောင်ရွက်ပေးရန်၊ ပညာရပ်ဆိုင်ရာဗဟုသုတများ ကျယ်ကျယ် ပြန့်ပြန့်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဌာနအလိုက် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားကြရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ပြီး စီမံဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs and Ministry of International Cooperation hold meeting on enhancing capacity building for officials, staff

(15-3-2023, Nay Pyi Taw)

The meeting on enhancing capacity building for officials and staff of the Ministry of Foreign Affairs and the Ministry of International Cooperation was held at 13:00 hrs on 15 March 2023 at the Ayeyarwady Hall of the Ministry of Foreign Affairs in Nay Pyi Taw. On the occasion, the Union Minister for Foreign Affairs U Than Swe and the Union Minister for International Cooperation U Ko Ko Hlaing delivered the remarks.

During the meeting, the Union Minister for Foreign Affairs underlined that the purpose of the meeting is to enhance capacity building and human resources for officials and staff from the Ministry of Foreign Affairs as well as for officials and staff from government organizations and other ministries related with international organizations including for those who are keen on diplomacy. He also emphasized that while implementing training programs for human resource development, regular training programs should be evaluated, comprehensive training programs in accordance with the current development are required to be carried out, and comprehensive trainings for the ground exercise and relevant curriculums should be formulated in respective departments.

Then, the Union Minister for International Cooperation said that required capacity-building training programs for the personnel should be provided to operate effectively the responsibilities of the Ministry and the nation. He added that self-learning should be facilitated as well as knowledge and skills should be built and needs assessment on departmental functions should be examined.

Afterwards, the meeting participants contributed suggestions, and the Union Ministers provided some instructions based upon their suggestions. Present at the meeting were Permanent Secretary, the Directors-General and officials concerned from the Ministry of Foreign Affairs.

20230323-06

20230323-06

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.