ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ ပုံမှန်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်

(၇-၃-၂၀၂၃ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်၊ (၁၁၀၀) နာရီတွင် အင်ဒိုနီးရှားသံအမတ်ကြီး၏နေအိမ်၌ကျင်းပသည့် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) သံရုံးအကြီးအကဲများ၏ (၂၇၈) ကြိမ်မြောက် အစည်းအဝေးနှင့် ကနေဒါနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Yamanouchi Kanji အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ အော်တာဝါမြို့ အခြေစိုက်အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အာဆီယံကော်မတီအစည်းအဝေးတွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အာဆီယံကော်မတီ၏ လှုပ်ရှားမှုများနှင့် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံသံအမတ်ကြီးများနှင့် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသည့် ကနေဒါနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ကျင်းပခဲ့ရာ အာဆီယံ၏ အင်ဒို-ပစိဖိတ်ဆိုင်ရာသဘောထားအမြင်၊ ဂျပန်နိုင်ငံ၏ လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိဖိတ်မဟာဗျူဟာနှင့် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230313-13

20230313-13

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.