ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်မှ စတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂီနီဘစ်ဆော သံအမတ်ကြီး H.E. Mr. António Serifo Embaló တို့က ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်တွင် ပေကျင်းမြို့၊ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၆) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်
PRESS RELEASE
Diplomatic Relations established between the Republic of the Union of Myanmar and the Republic of Guinea-Bissau
The Republic of the Union of Myanmar and the Republic of Guinea-Bissau, desirous of establishing friendly ties and cooperation guided by the principles enshrined in the Charter of the United Nations and the norms of International Law in accordance with the Vienna Convention on Diplomatic Relations and the Vienna Convention on Consular Relations, have established diplomatic relations at the level of Ambassadors with effect from 6 March 2023.
The Joint Communiqué on the Establishment of Diplomatic Relations was signed by H.E. U Tin Maung Swe, Ambassador of the Republic of the Union of Myanmar to the People’s Republic of China and H.E. Mr. António Serifo Embaló, Ambassador of the Republic of Guinea-Bissau to the People’s Republic of China, on 6 March 2023 at the Embassy of the Republic of the Union of Myanmar in Beijing.
The Republic of Guinea-Bissau is the 126th country with which Myanmar has established diplomatic relations.