(၃-၃-၂၀၂၃ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၃-၃-၂၀၂၃ ရက်တွင် ကျင်းပခဲ့သော အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR) နှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ AICHR အဖွဲ့ဝင်များ၊ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Filomeno Aleixo da Cruz က လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းအစီအစဉ်များ၊ AICHR ၏ ၂၀၂၂-၂၀၂၃ ခုနှစ် လုပ်ငန်းအစီအစဉ်များနှင့် CPR နှင့် AICHR အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AICHR-Myanmar Alternate Representative ဦးဇော်ဇော်စိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တို့မှ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၇-၂-၂၀၂၃ ရက်မှ ၃-၃-၂၀၂၃ ရက်အထိ ဂျကာတာမြို့၌ ကျင်းပ ခဲ့သည့် (၃၆)ကြိမ်မြောက် AICHR အစည်းအဝေး၊ AICHR နှင့် အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC) ၊ အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးအကောင်အထည်ဖော်မှုဆိုင်ရာ ကော်မတီ (ACMW) တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများအပြင် ဩစတြေးလျ၊ အီးယူတို့နှင့် တွေ့ဆုံသည့် သီးခြားအစည်းအဝေးများသို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Permanent Representative of Myanmar to ASEAN and Myanmar delegation participates at the Meeting of ASEAN Intergovernmental Commission on Human Rights (AICHR) with the Committee of Permanent Representatives to ASEAN (CPR)
(3-3-2023, Jakarta)
U Aung Myo Myint, Permanent Representative of Myanmar to ASEAN participated at the Meeting of ASEAN Intergovernmental Commission on Human Rights (AICHR) with the Committee of Permanent Representatives to ASEAN (CPR) which was held on 3 March 2023 at the ASEAN Secretariat in Jakarta.
Members of the Committee of Permanent Representatives to ASEAN (CPR), members of ASEAN Intergovernmental Commission on Human Rights (AICHR), the Deputy Secretary-General for ASEAN Political-Security Pillar, Michael Tene and representatives of ASEAN Member States and ASEAN Secretariat attended the meeting. Ambassador of Timor-Leste to Indonesia, Filomeno Aleixo da Cruz also joined the meeting as an observer.
The meeting deliberated on the priorities of Indonesia’s ASEAN Chairmanship and the AICHR’s work plans (2022-2023) and exchanged views on the possibilities of cooperation between AICHR and CPR.
U Zaw Zaw Soe, Alternate Representative of AICHR-Myanmar, the Deputy Director-General of ASEAN Affairs Department and the officials from the Ministry of Foreign Affairs and Permanent Mission of Myanmar to ASEAN also participated at the meeting.
Myanmar delegation also attended the 36th AICHR Meeting and the related meetings, including AICHR Interface Meetings with Secretary-General of ASEAN, ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC), ASEAN Committee on the Implementation of the ASEAN Declaration on the Protection and Promotion of Migrant Workers (ACMW) as well as the Interface Meetings with EU and Australia, which were held respectively from 27 February to 3 March 2023 in Jakarta.