အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်
(၈-၂-၂၀၂၃ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၈-၂-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) သံရုံးအကြီးအကဲများ၏ (၂၇၆)ကြိမ်မြောက်အစည်းအဝေးနှင့် အာဆီယံဆိုင်ရာ ကနေဒါအဆင့်မြင့်အရာရှိကြီး (SOM Leader) အား အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ အော်တာဝါမြို့အခြေစိုက်အာဆီယံနိုင်ငံသံရုံးများမှသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည့် ၂၀၂၃ ခုနှစ်တွင် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကနေဒါ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အာဆီယံသံအမတ်ကြီးများနှင့် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသည့် အာဆီယံဆိုင်ရာ ကနေဒါ အဆင့်မြင့်အရာရှိကြီး (SOM Leader) ဖြစ်သူ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Assistant Deputy Minister) Mr. Weldon Epp နှင့် အရှေ့တောင်အာရှဌာန၏ ညွှန်ကြားရေးမှူးချုပ် Ms. Carrie Goodge O’Brien တို့ ပါဝင်တက်ရောက်သည့် အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပပြီး၊ နေ့လယ်စာစားပွဲတွင် အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကနေဒါ၏ သဘောထားအယူအဆစာတမ်း (Concept Paper) အပေါ် အလွတ်သဘော အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ASEAN Committee of Ottawa City Myanmar Ambassador to Canada attended meeting and positive lunch.
(Date 11-4-2018, Ottawa)
Myanmar Ambassador to Canada, U Hauk Khant Suan, Ambassador of Indonesia on 20-4-2020 ASEAN Committee in Ottawa held at home by Embassy chiefs of ASEAN Committee, Ottawa. Ambassadors from ASEAN Embassies in Ottawa participated in the 17th Meeting and the ASEAN Canadian Senior Officer (SOM Leader) as a special guest.
Indonesia in ASEAN meeting Canada's priority processes to be carried out in 2019 by the Acting President Discussed the Indo-Pacific Strategy etc.
Then, ASEAN Ambassadors and Special Guest, SOM Leader, Assistant Deputy Minister of Foreign Affairs for Asia and Pacific Region, Mr. Weldon Epp and the Department of Southeast Asia. Continuing the Business Luncheon attended by Chief Director Ms. Carrie Goodge O’Brien, the ASEAN-Canada Strategic Partnership Canada. It is known that there was a free exchange of opinions on Concept Paper.