အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်
(၂-၂-၂၀၂၃ ရက်၊ ဂျကာတာမြို့) အာဆီယံ
အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂-၂-၂၀၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိအာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ် သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာအဆင့်မြင့်အရာရှိကြီး အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများအားအင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီးH.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ဂျကာတာအခြေစိုက် အာဆီယံ ဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ယင်းနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်းဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များမှ ချမှတ်ထားရှိသောလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံ များမှ ပါဝင်လက်မှတ် ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ အာဆီယံပြင်ပမိတ်ဖက်ဆက်ဆံရေး၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း (UNCLOS) ၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ် အာဆီယံ ဒေသတွင်းကွန်ဖရင့်ကျင်းပခြင်းကိစ္စ၊ (၁၂) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ် နှင့် (၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်ဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့်အာဆီယံအစည်းအဝေးများကိစ္စတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံ ၏ တူညီဆန္ဒ (၅) ရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်များ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုရှင်းလင်းပြောကြားပြီး၊ အစည်းအဝေးအစီအစဉ်အလိုက် ဘာသာရပ်များ ခေါင်းစဉ်များအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင်မူအရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကိစ္စ၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူ စာချုပ်၏ဆုံးဖြတ်ချက်များ၊ အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူက လီးယားလက်နက်တားမြစ်ရေးအေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။
Myanmar Permanent Representative to ASEAN, U Aung MyoMyintattended the ASEAN Senior Officials’ Meeting (SOM) and Meeting of the Executive Committee of the Southeast Asia Nuclear Weapon Free Zone (SEANWFZ) Commission
(2-2-2023, Jakarta)
Myanmar Permanent Representative to ASEAN, U Aung MyoMyintattended the ASEAN Senior Officials’ Meeting (SOM) and Meeting of the Executive Committee of the Southeast Nuclear Weapon Free Zone (SEANWFZ) Commission, held on 2 February 2023, at the ASEAN Secretariat, Jakarta, Indonesia.
The Meetings were chaired by H.E. Sidharto Reza Suryodipuro, Director-General for ASEAN Cooperation and ASEAN SOM Leader of Indonesia, and attended by the ASEAN Senior Officials and respective officials from the ASEAN Member States, representatives from the Permanent Missions to ASEAN in Jakarta as well as representatives from the ASEAN Secretariat.
The ASEAN Senior Officials’Meeting (SOM) discussed priorities of Indonesia’s Chairmanship 2023, the follow-up to the 40th and 41st ASEAN Summits, Treaty of Amity and Cooperation in Southeast Asia (TAC), External Relations, ASEAN Regional Conference on the 40th Anniversary of the UNCLOS, the follow-up tothe 12th ASEAN Maritime Forum and the 10th Expanded ASEAN Maritime Forumand ASEAN major meetings in 2023.
At the Meeting, Alternate SOM leader of Myanmar and Permanent Representative U Aung MyoMyintbriefedthe position and views of Myanmar upon the five-point consensus, including the recent developments in Myanmar and exchange of views on other respective agendas.
The Meeting of the Executive Committee of the Southeast Asia NuclearWeapon Free Zone (SEANWFZ) Commission exchanged views and discussed the Protocol to the SEANWFZ Treaty, Biennial Resolution on Treaty on the South-East Asia Nuclear-Weapon-Free Zone (Bangkok Treaty) and proposal by the Agency for the Prohibition of Nuclear Weapons in Latin America and the Caribbean (OPANAL) for a Memorandum of Understanding between ASEAN and OPANAL on Joint Cooperation Measures and Strengthening the Nuclear Weapon Free Zones in Southeast Asia and Latin America and the Caribbean.