ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား
(၃-၂-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၃-၂-၂၀၂၃ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ၇၂ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၉-၁-၂၀၂၃ ရက်မှ ၃-၂-၂၀၂၃ ရက်အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ အသစ်ခန့်အပ်သည့် အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာများ၊ နိုင်ငံတကာရေးရာများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ကောင်စစ်ရေးရာ၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အခြေခံ ဗဟုသုတများကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
Union Minister U Than Swe delivers remarks at Closing Ceremony of the Course for Junior Staff on Basic Office Skills Training
(3-2-2023, Nay Pyi Taw)
Closing Ceremony of the Course for Junior Staff on Basic Office Skills Training (1/2023) was held at the Ministry of Foreign Affairs in Nay Pyi Taw at 10:00 a.m. today.
On the occasion, H. E. U Than Swe, Union Minister for Foreign Affairs delivered the closing remarks. Also present on the occasion were Deputy Minister, Permanent-Secretary, Directors-General, Deputy Directors-General and officials as well as 72 newly recruited junior staffs from the Ministry of Foreign Affairs.
This intensive course was conducted at the Ministry of Foreign Affairs, Nay Pyi Taw from 9 January to 3 February 2023 as four-week training. The purpose of the training course is to train the newly recruited junior staffs about the basic office skills, international affairs, functions and implementations, consular, financial and administrative procedures of the Ministry as well as the knowledge of the Anti-Corruption Commission.