မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း (၁/၂၀၂၅) သင်တန်းသား/သူများ၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပ

(၃၁-၃-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ၃၀-၃-၂၀၂၆ ရက် (တနင်္လာနေ့)၊ (၁၈:၀၀) နာရီတွင် နေပြည်တော်ရှိ M-Gallery Hotel၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာသံတမန်သင်တန်း ကျောင်း အတိုင်ပင်ခံပညာရှင် များအဖွဲ့၊ Naypyitaw State Academy မှ ပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့အဖွဲ့ဝင်များ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြ သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်မှ သင်တန်းဆင်းဂုဏ်ပြုစကား ပြောကြားခဲ့ပြီး၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) နေပြည်တော် တန်းခွဲနှင့် ရန်ကုန်တန်းခွဲမှ သင်တန်းသားကိုယ်စားလှယ် (၁)ဦးစီက ကျေးဇူးတင် စကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သူများက တက်ရောက်လာသော ဧည့်သည်တော်များကို ညစာသုံးဆောင်နေစဉ်အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဖျော်ဖြေရေး အဖွဲ့များထံ ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

*********************************

Graduation Dinner held for Trainees of the Postgraduate Diploma in Diplomacy Course (1/2025)

(31-3-2026,Nay Pyi Taw)

The graduation dinner for trainees who successfully completed the Postgraduate Diploma in Diplomacy Course (1/2025), conducted by the Myanmar Diplomatic Academy, was held on 30 March 2026 (Monday) at 18:00 hours at the Ayeyarwady Hall, M-Gallery Hotel, Nay Pyi Taw.

The dinner was attended by Deputy Minister for Foreign Affairs H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs H.E. U Naing Min Kyaw, Deputy Minister for Education H.E. U Nay Myo Hlaing, Directors-General from the Ministry of Foreign Affairs and the Ministry of Education, the Rector, members of the Advisory Board and faculty members of Naypyitaw State Academy, as well as trainees from Diploma in Diplomacy (1/2025), from both Naypyitaw and Yangon classes.

H.E. U Naing Min Kyaw, Deputy Minister for Foreign Affairs, delivered congratulatory remarks. Student Representatives from the Nay Pyi Taw and Yangon sections of the Diploma in Diplomacy (1/2025) expressed words of appreciation on the completion of the course. The trainees then performed a series of entertainment programs for the invited guests during the dinner. The event concluded with Deputy Minister H.E. U Ko Ko Kyaw presenting commemorative bouquets to the performing trainees in recognition of their performance.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).