မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁/၂၀၂၅) သင်တန်းသား/သူများ၏ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

(၃၀-၃-၂၀၂၆ ရက်၊ နေပြည်တော်)

မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၃၀-၃-၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာသံတမန် သင်တန်းကျောင်း အတိုင်ပင်ခံပညာရှင် များအဖွဲ့၊ Naypyitaw State Academy မှ ပါမောက္ခချုပ် နှင့် သင်ကြားရေးအဖွဲ့ အဖွဲ့ဝင်များ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော် တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းပြီးမြောက် ကြောင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါ သည်။

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို နေပြည်တော်နှင့် ရန်ကုန် တို့တွင် တန်းခွဲ (၂)ခုဖြင့် ၂၃-၆-၂၀၂၅ ရက်မှ ၂၆-၃-၂၀၂၆ ရက်အထိ သင်တန်းကာလ စုစုပေါင်း (၈)လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ အစိုးရအဖွဲ့အစည်း အသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ သံတမန်ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း(၁၀၄)ဦး တက်ရောက်အောင်မြင်ခဲ့ပြီး၊ အဆိုပါသံတမန်ရေးရာ ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)၏ ဘွဲ့လက်မှတ်များကို Naypyitaw State Academy တွင် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်မည့် ဘွဲ့နှင်းသဘင် အခမ်း အနားတွင် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

*********************************

Graduation Ceremony of the Postgraduate Diploma in Diplomacy Course No. (1/2025) Myanmar Diplomatic Academy held

(30-3-2026, Nay Pyi Taw)

The course completion and certificate presentation ceremony of the Postgraduate Diploma in Diplomacy Course (1/2025), conducted by the Myanmar Diplomatic Academy, was held at 10:00 a.m. on 30 March 2026 at the Lawkanat Hall of the Ministry of Foreign Affairs in Nay Pyi Taw.

The event was attended by H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs, H.E. U Naing Min Kyaw, Deputy Minister for Foreign Affairs, H.E. Dr. Zaw Myint, Deputy Minister for Education, Directors-General from respective departments, members of the Advisory Board Myanmar Diplomatic Academy, the Rector and Board of Studies of the Naypyitaw State Academy, and trainees from the Nay Pyi Taw and Yangon cohorts.

At the ceremony, H.E. U Naing Min Kyaw, Deputy Minister for Foreign Affairs, delivered the keynote address and presented certificates of completion to the trainees. Then, H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs presented the prizes to outstanding trainees.

The Postgraduate Diploma in Diplomacy Programme Batch (1/2025) was conducted concurrently in Nay Pyi Taw and Yangon from 23 June 2025 to 26 March 2026, for a total duration of eight months. The programme was attended by officials from different government agencies, various ministries and individuals from the private sector who are interested in diplomacy and international relations. A total of 104 participants attended the programme. The Diplomas will be conferred at the convocation to be held at Naypyitaw State Academy in December 2026.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).