နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၃၀-၃-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီး မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှစ်နိုင်ငံ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ကိစ္စရပ် များနင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

*********************************

Deputy Minister for Foreign Affairs receives Ambassador of the United Arab Emirates (UAE) to Myanmar

(30-3-2026, Nay Pyi Taw)

U Ko Ko Kyaw, Deputy Minister for Foreign Affairs received Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem, Ambassador of the United Arab Emirates (UAE) to Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 30 March 2026 at 1300 hrs.

During the call, they cordially exchanged views on matters pertaining to the strengthening of the existing bilateral relations between Myanmar and UAE, mutually beneficial cooperation in various areas including trade and investment.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).