အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
(၃၁-၃-၂၀၂၆ ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ခဲ့သည့် အမှုထမ်းငယ်များအတွက် အခြေခံရုံး လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် (အင်္ဂါနေ့)၊ (၁၃၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းပြီးမြောက် ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၃−၃−၂၀၂၆ ရက်မှ ၃၁−၃−၂၀၂၆ ရက်အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အသစ်ခန့်အပ်လိုက်သည့် အမှုထမ်းငယ် စုစုပေါင်း (၂၂)ဦး ပါဝင် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နိုင်ငံခြားရေးရာမူဝါဒများ၊ နှစ်နိုင်ငံ ဆက်ဆံရေးများ၊ ဒေသတွင်းနှင့်နိုင်ငံ တကာရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာနှင့် နယ်နိမိတ်ရေးရာကိစ္စရပ်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။
*********************************
Closing Ceremony of the Course for Junior Staff on Basic Office Skills (CfJS) (4/ 2026)
(31-3-2026,Nay Pyi Taw)
The Closing Ceremony of the Course for Junior Staff on Basic Office Skills (CfJS) (4/2026) was held at 13:30 hrs on 31 March 2026 at the Lawkanat Hall of the Ministry of Foreign Affairs in Nay Pyi Taw.
The ceremony was attended by H.E. U Naing Min Kyaw, Deputy Minister for Foreign Affairs, Directors-General, Deputy Directors-General and officials from respective departments and trainees of the CfJS (4 /2026).
At the ceremony, H.E. U Naing Min Kyaw, Deputy Minister for Foreign Affairs, delivered closing remarks and presented certificates of completion to the trainees. And then Deputy Minister for Foreign Affairs presented the prizes to outstanding trainees.
The Course for Junior Staff on Basic Office Skills (4/2026) was conducted at the Ministry of Foreign Affairs (Nay Pyi Taw) for four-week course from 3 March 2026 to 31 March 2026, and was attended by 22 newly-appointed junior clerks. The course covered subjects related to the functions of the Union Minister’s Office and departments of the Ministry of Foreign Affairs, including theory and practice of protocol, foreign policy, bilateral relations, regional and international organizations, ASEAN affairs, consular and border affairs, administrative and financial guidelines, basic office skills and computer skills development.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
