ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki ကို လက်ခံတွေ့ဆုံ

(၈-၄-၂၀၂၅ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki အား ၈-၄-၂၀၂၅ ရက်၊ ၁၃၁၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ခံစားရသည့်ပြည်သူများကို ကူညီပံ့ပိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar receives Mr. Daihei Mochizuki, Chief of Mission of the International Organization for Migration in Myanmar

(8-4-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Daihei Mochizuki, Chief of Mission of the International Organization for Migration (IOM) in Myanmar, at 1315 hrs on 8 April 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed matters related to supporting the people affected by the Mandalay earthquake in Myanmar.
Also present at the meeting were Senior Officials from the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).