ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ အကြီးအကဲတို့အား လက်ခံတွေ့ဆုံ
(၆-၅-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာယာယီညှိနှိုင်းရေးမှူး (UNRC/HC a.i.) ဖြစ်သူ Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့အား ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်၊ ၁၁၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အင်အားပြင်း မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။
***********************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives UR Resident and Humanitarian Coordinator a.i. (UNRC/HC a.i.) and Head of Offrice of the United Nations Office for the Coordinator of Humanitarian Affairs (UNOCHA)
(6 May 2025, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (UNRC/HC a.i.), and Mr. Sajjad Mohammad Sajid, Head of Office of the Unied Nations Office for the Coordination of Humanitarian Affairs (UNOCHA), at 1100 hrs on 6 May 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the rehabilitation process at the areas affected by the powerful Mandalay earthquake and future cooperation between the Government of Myanmar and the United Nations agencies.
Also present at the meeting were senior officials of the Ministry of Foreign Affairs.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
