နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘရာဇီးလ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား လက်ခံတွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် (၅) ကြိမ်မြောက် မြန်မာ-ဘရာဇီးလ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာ အတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့် အား ၁၁-၁၁-၂၀၂၆ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အဆင့်မြင့်ခရီးစဉ်များ စီစဉ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်ထောက်ခံကူညီရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
**************
U Tin Maung Swe, Union Minister for Foreign Affairs received
Ambassador Mrs. Susan Kleebank, Secretary for Asia and the Pacific of the
Ministry of Foreign Affairs of Brazil
U Tin Maung Swe, Union Minister for Foreign Affairs, received Ambassador Mrs. Susan Kleebank, Secretary for Asia and the Pacific of the Ministry of Foreign Affairs of Brazil, who is visiting Myanmar to attend the 5th Meeting of Myanmar-Brazil Political Consultations, at the Ministry of Foreign Affairs in Nay Pyi Taw on 11 November 2026 at 14:00 hrs.
During the meeting, both sides candidly exchanged views on ways to further strengthen bilateral relations and cooperation, facilitate high-level exchange of visits, and extend mutual support in regional and multilateral forums.
Ministry of Foreign Affairs
Nay Pyi Taw
Dated 11 November 2026
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
