ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

(၇-၁၀-၂၀၂၆၊ အော်တာဝါ)

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌနှင့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနဆရာတော် Venerable Nugegalayaye Jinānanda Thero ၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦး သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ၁၄၀၀ နာရီတွင် အော်တာဝါမြို့၌ ကနေဒါဗုဒ္ဓဘာသာ ကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းအုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ အော်တာဝါမြို့တော်ဝန် Mr. Mark Sutcliffe က အဓိကဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်များ၊ လူမှုအသိုက်အဝန်း ခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ အလှူရှင်များ၊ စေတနာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အထူးဧည့်သည်တော်များအဖြစ် အော်တာဝါမြို့တော်ဝန် Mr. Mark Sutcliffe နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးတို့က အမှတ်တရစကားပြောကြားခဲ့ကြပြီး ဘုန်းတော်ကြီး ကျောင်းအသစ် တည်ဆောက်ရေးလုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်အဖြစ် အုတ်မြစ်ချခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပါသည်။ သံအမတ်ကြီးက အဆိုပါ ဘုန်းတော်ကြီး ကျောင်း အသစ်တည်ဆောက်ခြင်းသည် ကနေဒါမြို့တော်နယ်မြေအတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် များအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်းနှင့် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း များ ပို့သခဲ့ကြောင်း သိရှိရပါသည်။

*************

Chargé d’Affaires / Ambassador of the Embassy of Myanmar in Canada Attends Foundation Stone-Laying Ceremony of New Hilda Jayewardenaramaya Buddhist Monastery Organized by the Buddhist Congress of Canada

(7-10-2026, Ottawa)

At the invitation of Venerable Nugegalayaye Jinānanda Thero, President of the Canadian Buddhist Congress and Chief Monk of the Hilda Jayawardhanaramaya Buddhist Temple, U Zaw Tun Oo, Chargé d’Affaire / Ambassador of the Embassy of Myanmar in Canada, attended the foundation-laying ceremony for the new Hilda Jayawardhanaramaya Buddhist Temple, organized by the Canadian Buddhist Congress, at 1481 Heron Road, Ottawa, at 2:00 p.m. on 4 October 2026. The Mayor of Ottawa, Mr. Mark Sutcliffe attended the ceremony as the Chief Guest, together with Buddhist monks from various temples in Canada, community leaders, members of the Buddhist community, donors, well-wishers and invited guests.
At the ceremony, the Mayor of Ottawa, Mr. Mark Sutcliffe and Chargé d’Affaire / Ambassador of Myanmar, U Zaw Tun Oo delivered remarks as distinguished guests and participated in the foundation-laying ceremony to mark the commencement of construction of the new Buddhist monastery. U Zaw Tun Oo highlighted that the construction of the new monastery marked an important milestone for the Theravada Buddhist community in Ottawa and the National Capital Region, and expressed his best wishes for the successful completion of the project.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).