ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ယာယီနိုင်ငံတော် အကြီးအကဲ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုကြိုဆို
(၁၁-၉-၂၀၂၆၊ နေပြည်တော်)
ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။
ဦးစွာ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ ကမ္ဘောဒီးယား နိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲတို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
