နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၃၁-၈-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ ကြသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်

*********

Union Minister for Foreign Affairs receives President of the Russia-Myanmar Friendship Association

U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Bulochnikov Anatoly Mikhailovich, President of the Russia-Myanmar Association for Friendship and Cooperation at the Ministry of Foreign Affairs in Nay Pyi Taw at 11:00 hrs on 31 August 2026.
During the meeting, they exchanged views on matters pertaining to further strength the friendship and economic cooperation between the Republic of the Union of Myanmar and the Russian Federation.
Also present at the meeting were officials of the Ministry of Foreign Affairs, Vice President of the Russia-Myanmar Association for Friendship and Cooperation and Chairman and representatives of the Myanmar-Russia Economic Development Association.

Dated: 31 August 2026
Ministry of Foreign Affairs
Nay Pyi Taw

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).