နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ရုရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာ အား လက်ခံတွေ့ဆုံ

(၂၄-၈-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့ရှိ ရုရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာ အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

**********

U Ko Ko Kyaw, Deputy Minister for Foreign Affairs receives Ms. Natalia Nefedova, Chargé d’affaires a.i of the Embassy of the Russian Federation in Yangon

(24-8-2026, Nay Pyi Taw)

U Ko Ko Kyaw, Deputy Minister for Foreign Affairs received Ms. Natalia Nefedova, Chargé d’affaires a.i of the Embassy of the Russian Federation in Yangon, at 1300 hrs on 24 August 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they cordially exchanged views on further consolidation of friendship between Myanmar and Russia, strengthening of comprehensive bilateral cooperation across various sectors and closer collaboration in regional and multilateral contexts.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).