နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နီပေါနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်၌ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုး
(၃-၉-၂၀၂၆၊ နေပြည်တော်)
နီပေါနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်၌ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးရန် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်မောက်ရိပ်သာလမ်း၊ အမှတ် ၁၆ ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးသို့ ယနေ့မွန်းလွဲ ၁၄၀၀ နာရီတွင် သွားရောက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် တွေ့ဆုံနှုတ်ဆက်၍ နီပေါနိုင်ငံတွင် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
********
Deputy Minister for Foreign Affairs U Naing Min Kyaw signs condolence book on behalf of the Government of the Republic of the Union of Myanmar for the loss of lives caused by flash floods in Nepal on 26 August 2026
(3-9-2026, Nay Pyi Taw)
Deputy Minister for Foreign Affairs U Naing Min Kyaw, on behalf of the Government of the Republic of the Union of Myanmar, went to the Embassy of Nepal, located at No. 16, Natmauk Yeiktha Street, Tamwe Township, Yangon at 1400 hrs, today to sign the condolence book for the loss of lives caused by flash floods in Nepal on 26 August 2026.
The Deputy Minister met the Ambassador of Nepal and officials at the Embassy of Nepal in Yangon and, on behalf of the Government of the Republic of the Union of Myanmar, expressed condolences and sympathies for the loss of lives caused by flash floods in Nepal, and signed the condolence book.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
